Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 21:1

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။

ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။

ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့် မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။

လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။

တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။ အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။

``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။-

ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ