Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 20:4

Common Language Bible

အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။

ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။

ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​သူ​လို​လား​တောင့်​တ​သည့် အ​ရာ​ကို​ပေး​တော်​မူ​ပြီ။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။

ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။

သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။-

``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။-

သို့​ရာ​တွင်​ဇ​နီး​ဖြစ်​သူ​က``အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​သေ​စေ​လို​သည်​ဆို​ပါ​မူ ငါ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​လက်​ခံ​တော်​မူ မည်​မ​ဟုတ်။ ဤ​သို့​သော​စ​ကား​တို့​ကို​လည်း​ဤ အ​ချိန်​အ​ခါ​၌​မိန့်​တော်​မူ​မည်​မ​ဟုတ်'' ဟု ပြန်​ပြော​လေ​သည်။

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ