Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 18:7

Common Language Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။

ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။

ကျွန်​တော်​မျိုး​သေ​၍​ပျောက်​ကွယ်​မ​သွား​မီ ရွှင်​လန်း​မှု​အ​နည်း​ငယ်​ရ​ရှိ​စေ​ရန် ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ။

ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။

သို့​ဖြစ်​၍​ပ​ထ​ဝီ​မြေ​ကြီး​တုန်​လှုပ်​လျက် တောင်​များ​သည်​နက်​ရှိုင်း​ရာ​သ​မုဒ္ဒ​ရာ​ထဲ​သို့ ကျ​လျှင်​သော်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​ထ​၍​အ​သံ​မြည်​ဟည်း​သ​ဖြင့် တောင်​များ​တုန်​လှုပ်​သော်​လည်း​ကောင်း​ငါ​တို့​သည် ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။

ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော် တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။

ထို​အ​ခါ​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင် မြို့​၏​အ​ရှေ့​ဘက်​၌​ရှိ​သော​သံ​လွင်​တောင် ပေါ်​တွင်​ရပ်​တော်​မူ​သ​ဖြင့် သံ​လွင်​တောင် သည်​အ​ရှေ့​မှ​အ​နောက်​သို့​နှစ်​ခြမ်း​ကွဲ လျက်​ချိုင့်​ဝှမ်း​ကြီး​တစ်​ခု​ဖြစ်​ပေါ်​လာ လိမ့်​မည်။ တောင်​တစ်​ခြမ်း​သည်​မြောက်​ဘက် သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ခြမ်း​သည် တောင်​ဘက်​သို့​လည်း​ကောင်း၊ ရွေ့​လျား သွား​လိမ့်​မည်။-

ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-

ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။

ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ