သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။
ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-