Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 18:41

Common Language Bible

သူ​တို့​သည်``ကယ်​တော်​မူ​ပါ'' ဟု အော်​ဟစ်​ကြ​သော်​လည်း၊သူ​တို့​အား အ​ဘယ်​သူ​မျှ​မ​ကယ်​နိုင်​ပါ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ထား​ကြ​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​ထူး​တော်​မ​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။

ငါ​၏​ပတ်​လည်​တွင်​ရန်​သူ​အ​များ​ပင်​ရှိ​သော် လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။

သူ​တို့​သည်​အ​ဘက်​ဘက်​မှ​ငါ့​ကို​ဝိုင်း​ရံ​လျက် နေ​ကြ​သော်​လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။

``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။

ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။

``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။

သူ​တို့​သည်​သစ်​ခက်​ကို​နှာ​ခေါင်း​တွင်​ကပ်​လျက် ငါ့​အား​စော်​ကား​ကြ​ပုံ​ကို​ကြည့်​လော့။ ငါ​၏​အ​မျက်​ဒဏ်​ကို​သူ​တို့​သည်​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ့​ထံ​သို့​အ​စွမ်း​ကုန်​အော်​ဟစ်​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​မည်​ဖြစ်​သော်​လည်း ငါ​သည်​နား​ညောင်း​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။

ငါ​၏​မိန့်​တော်​မူ​ချက်​ကို​သူ​တို့​သည်​နား မ​ထောင်​သော​ကြောင့် သူ​တို့​၏​ဆု​တောင်း​သံ ကို​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မ​မူ။-

အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-

ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ