Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 18:28

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။

ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-

သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-

သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။

ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။

သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက် အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။

ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။

လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။

လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-

ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-

``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' ဟု​ဟော​ကြား​ခဲ့​၏။

သေ​မင်း​၏​အ​ရိပ်​တွင်​နေ​ထိုင်​သူ​များ​အ​ပေါ် ထွန်း​လင်း​စေ​လိမ့်​မည်။ ထို့​အ​ပြင်​ငါ​တို့​အား​ငြိမ်း​ချမ်း​ရေး​လမ်း​သို့ ပို့​ဆောင်​စေ​လိမ့်​မည်'' ဟူ​၍​တည်း။

သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ