Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 17:7

Common Language Bible

ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။-

ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဘိ​သိက်​ပေး​တော် မူ​သော ဘု​ရင်​အား​စစ်​ပွဲ​နိုင်​စေ​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ ကိုယ်​တော်​သည်​မင်း​ကြီး​၏​ပန်​ကြား​ချက်​ကို သန့်​ရှင်း မြင့်​မြတ်​သည့်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​၍ တန်​ခိုး​တော်​ဖြင့်​မင်း​ကြီး​အား​အောင်​ပွဲ​ကြီး များ​ကို ပေး​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု ကြ​လော့။ ငါ့​အား​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ​ချိန်​၌ ကိုယ်​တော်​ပြ​တော်​မူ​သော​မေတ္တာ​တော်​သည် လွန်​စွာ​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။

ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ချစ်​တော်​မူ​သော​သူ​တို့​သည်​ကယ်​ဆယ် ခြင်း ခံ​ရ​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။

အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။

``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-

သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ