ဆာလံ 16:6Common Language Bibleကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။ အခန်းကိုကြည့်ပါ။ |
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။