Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 150:5

Common Language Bible

သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။

ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-

ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။

သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-

ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ