ဆာလံ 15:5Common Language Bibleသူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။