Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 147:8

Common Language Bible

ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍ တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-

မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​သူ၊ထာ​ဝ​ရ ဘု​ရား​၏ အိမ်​တော်​တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​ရပ်​နေ​သူ​တို့ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ သည် မိုး​ကို​မ​ရွာ​စေ​နိုင်​ပါ။ ကောင်း​ကင်​သည်​အ​လို​အ​လျောက်​မိုး​ရေ ပေါက်​များ ကျ​လာ​အောင်​မ​တတ်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဤ​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို မျှော်​ကိုး​ကြ​ပါ​၏။

``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။

သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။-

သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ