ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။