Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 145:6

Common Language Bible

လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-

ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။-

နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။

လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။

``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​ခဲ့​၏'' ဟု​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ပြော​ကြား​ကြ​လိမ့်​မည်။

``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။

(ဗာ​ဗု​လုန်​ပြည်​မှ​လွတ်​မြောက်​လာ​သော​စစ် ပြေး​ဒုက္ခ​သည်​များ​သည်​ဇိ​အုန်​မြို့​သို့​လာ ရောက်​ပြီး​လျှင် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို ဗာ​ဗု​လုန်​ပြည်​သား​တို့​ဖျက်​ဆီး​ကြ​သည့် အ​တွက် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​အ​ဘယ်​သို့​လက် စား​ချေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ကြ​၏။)

ပင်​လယ်​တို့​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​% သို့ ကမ္ဘာ​မြေ​ကြီး​သည်​လည်း ဘု​ရား​သ​ခင်​၏​% ဘုန်း​အ​သ​ရေ​တော်​ကို​သိ​ကျွမ်း​မှု​ဖြင့်​ပြည့်​% လျက်​နေ​လိမ့်​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ