Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 144:8

Common Language Bible

ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။

သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။

လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။

ငါ့​အား​လာ​၍​ကြည့်​ကြ​သူ​များ​သည် စိတ်​ရိုး​သ​ဘော​ရိုး​ရှိ​သူ​များ​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း​သ​တင်း များ​ကို ရှာ​ဖွေ​စု​ဆောင်း​လျက်​နေ​ရာ​အ​နှံ့​အ​ပြား​သို့ သွား​၍​ပြော​ဆို​တတ်​ကြ​၏။

ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။

သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။ သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။ သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။

သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။

သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။

ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ