Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 143:9

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ​လွတ်​မြောက် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ယင်း​သို့​ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​အ​လယ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့် နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။

ငါ​လို​သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​တော် မူ​သော၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​သည်​တောင်း​လျှောက်​ပါ​၏။

ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား ရန်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။

ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။

ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ