ဆာလံ 143:7Common Language Bibleအို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။