ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။
ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုဖန်ဆင်းတော်မူ၍ ဘေးမဲ့လုံခြုံစွာထားတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသိရှိ နားလည်နိုင်ရန် ကွန်တော်မျိုးအားအသိဉာဏ်ကိုပေးတော်မူပါ။
ကျွန်တော်မျိုးသည်တစ်သက်လုံးကိုယ်တော်ရှင် ကို မှီခိုခဲ့ပါ၏။ ကျွန်တော်မျိုးမွေးဖွားချိန်မှစ၍ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါပြီ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုအစဉ် မပြတ် ထောမနာပြုပါမည်။
လာကြ၊ကိုယ်တော်အားဦးညွှတ်ပျပ်ဝပ်၍ ရှိခိုးကြကုန်အံ့။ ငါတို့အားဖန်ဆင်းတော်မူသောထာဝရ ဘုရား၏ ရှေ့တော်တွင်ဒူးထောက်ကြကုန်အံ့။
ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-