Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 137:5

Common Language Bible

အို ယေ​ရု​ရှ​လင်​မြို့၊သင့်​ကို​ငါ​မေ့​လျော့​ပါ​လျှင် ငါ​သည်​စောင်း​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ မ​တီး​နိုင်​ဘဲ​နေ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-

တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ