Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 137:2

Common Language Bible

အ​နီး​အ​နား​ရှိ​မိုး​မ​ခ​ပင်​များ​တွင်​ငါ​တို့​၏ စောင်း​များ​ကို​ချိတ်​ဆွဲ​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။

သီ​ဆို​တီး​မှုတ်​မှု​ကို​အ​စ​ပြု​ကြ​လော့။ စောင်း ကြီး စောင်း​ငယ်​တို့​ကို​သာ​ယာ​စွာ​တီး​ကြ​လော့။

သူ​တို့​၏​စောင်း​များ၊ ပတ်​သာ​များ​မှ​ရွှင်​ပျ ချို​သာ​သော​သီ​ချင်း​သံ​သည်​လည်း ဆိတ် သုဉ်း​သွား​လေ​ပြီ။-

သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-

သင်​တို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ​သာ​ပွဲ​အ​ဖြစ် သို့​ပြောင်း​ပစ်​မည်။ သင်​တို့​တက်​ကြွ​ရွှင်​မြူး​သော တေး​သံ​တို့​ကို​ငို​ကြွေး​သံ​များ​ဖြစ်​သွား​စေ မည်။ သင်​တို့​သည်​ဆံ​ပင်​များ​ကို​ရိတ်​ပြီး​လျှော် တေ​အ​ဝတ်​ကို​ဝတ်​ရ​လိမ့်​မည်။ တစ်​ဦး​တည်း သော​သား​သေ​ဆုံး​သ​ဖြင့်​ရ​တက်​ပွား​ရ​သည့် မိ​ဘ​ပ​မာ​ဖြစ်​ရ​ကြ​မည်။ နေ​ဝင်​သည့်​တိုင် ထို​နေ့​တာ​သည်​ဆိုး​ဝါး​လှ​မည်။

သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ