Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 136:6

Common Language Bible

ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။-

မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။

သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။

ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။

ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊

``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။

ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ