ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။-
ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။