Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 136:11

Common Language Bible

ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။ သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။

ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။

နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-

ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။

ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။

နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။

အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-

ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ