ဆာလံ 135:5Common Language Bibleငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-