Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 135:19

Common Language Bible

အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။

ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်၊ မိ​မိ​ချစ်​မြတ်​နိုး​တော်​မူ​လှ​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွန်​အား​ကြီး​မား​စေ​တော်​မူ​သ​ဖြင့်​ထို​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ