လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-