Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 132:7

Common Language Bible

``ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့။ ပလ္လင်​တော်​ရှေ့​တွင်​ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​ကုန်​အံ့'' ဟု​ငါ​တို့​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။

သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့'' ဟု​ဆို​သော​အ​ခါ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။

ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့် အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။

လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ရာ​ဇ​ပလ္လင်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော် မူ​၏။

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။

သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ ဇိ​အုန်​မြို့​ကို​အ​မှောင်​ဖုံး​စေ​တော်​မူ​လေ​ပြီ။ ထို​မြို့​၏​ခမ်း​နား​ကြီး​ကျယ်​မှု​သည် ကောင်း​ကင်​မှ​မြေ​ကြီး​သို့​ကျ​ဆင်း​ယို​ယွင်း​လေ​ပြီ။ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ​၌ မိ​မိ​၏​ဗိ​မာန်​တော်​ကို​ပင်​စွန့်​ပစ်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ