ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။
ကူမတော်မူရန်ကွန်တော်မျိုးသည်နေမထွက်မီ ကိုယ်တော်ရှင်ကိုဟစ်ခေ"ပါ၏။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကတိတော်တို့ကိုမှော်ကိုးပါ၏။
ကိုယ်တော်၏အစေခံသူ၊ဗိမာန်တော်တွင်ညဥ့် အခါ အမှုတော်ဆောင်သူအပေါင်းတို့၊ လာ၍ထာဝရဘုရားအားထောမနာပြုကြလော့။
ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။ ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။
ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။
ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊
သူတို့သည်ကျောက်ဆောင်နှင့်တိုက်မိမည်စိုး သဖြင့် သင်္ဘောပဲ့ပိုင်းမှကျောက်ဆူးလေးခု ကိုချပြီးလျှင် ``မိုးလင်းပါစေ'' ဟုဆုတောင်း ကြ၏။-