Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 130:2

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ် တို့​ကို​ကြည့်​ရှု​တော်​မူ​၍​ဤ​ဌာ​န​တော်​တွင်​ပြု သည့်​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော် မူ​ပါ။-

အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။

အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။-

``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ကျွန်​တော်​မျိုး​တို့ ၏​လျှောက်​ထား​ချက်​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော​ကိုယ်​တော်​ရှင်​အား သ​နာ​ခ​ရိပ်​စော် ကား​ပြော​ဆို​သော​စ​ကား​မှန်​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ