သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍ မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။
ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။
ထိုမြို့များတွင်နေထိုင်သူတို့သည်အဘယ် သို့မျှမတတ်နိုင်။ ကြောက်လန့်လျက်ကြက်သေ သေ၍နေကြ၏။ သူတို့သည်အရှေ့လေပူ တိုက်၍ညှိုးနွမ်းသွားသည့်လယ်မြက်များ၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့်တူ ကြ၏။''
နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။-