Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 126:5

Common Language Bible

မျက်​ရည်​ကျ​လျက်​စိုက်​ပျိုး​ကြ​ရ​သူ​တို့​အား ဝမ်း​မြောက်​စွာ​သီး​နှံ​များ​ရိတ်​သိမ်း​ရ​သော အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါ ငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။

သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။

ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ ``အို ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။

``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။

``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။

သို့​ဖြစ်​၍​ငါ​တို့​သည်​အား​မ​လျော့​စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​ကြ​ကုန်​အံ့။ ယင်း​သို့ အား​မ​လျော့​စိတ်​မ​ပျက်​ကြ​ပါ​မူ ငါ​တို့​သည် အ​ချိန်​တန်​သော​အ​ခါ​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ