Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 126:2

Common Language Bible

ငါ​တို့​သည်​များ​စွာ​ရယ်​မော​ကြ​ရ​လျက် ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​ရ​၏။ ထို​အ​ခါ​အ​ခြား​လူ​မျိုး​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သူ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-

ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။

ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​တော်​မှ​ထွက်​ပေါ်​လာ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား တစ်​ဖန်​ပြန်​၍​ကောင်း​စား​လာ​စေ​တော်​မူ​သော အ​ခါ၊ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည်​ဇိ​အုန်​တောင်​တော်​မှ ထွက်​ပေါ်​လာ​စေ​ရန်​ငါ​သည်​စိတ်​အား​ထက်​သန်​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဖန်​ပြန်​လည်​၍​ကောင်း​စား​စေ​တော်​မူ​သော အ​ခါ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။

သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သော ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။

ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပျက်​စီး ယို​ယွင်း​နေ​သော​မြို့​တို့​ကို​ပြန်​လည်​တည် ဆောက်​၍ စွန့်​ပစ်​ထား​သော​လယ်​ယာ​များ​ကို ပြန်​လည်​စိုက်​ပျိုး​တော်​မူ​ကြောင်း​ကို​သေ ဘေး​မှ​လွတ်​မြောက်​သော​နီး​နား​ဝန်း​ကျင်​ရှိ လူ​မျိုး​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​အ​မှု​ကို​ပြု​မည်​ဟု က​တိ ထား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ