Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 121:3

Common Language Bible

ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အိမ်​ကို ဆောက်​တော်​မ​မူ​လျှင်​ဆောက်​လုပ်​သူ​တို့​၏ လုပ်​ဆောင်​ချက်​သည်​အ​ချည်း​နှီး​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​စောင့်​တော်​မ​မူ လျှင် ကင်း​စောင့်​တို့​၏​စောင့်​ကြပ်​မှု​သည်​အ​ချည်း​နှီး​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍​သူ​၏​အ​သက်​ကို စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ့​အား​ပြည်​တော်​တွင်​ဝမ်း မြောက်​စွာ နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ရန်​သူ​တို့​၏​လက်​သို့​အပ်​တော်​မူ​မည်​မ​ဟုတ်။

သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။

ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။

သူ​တို့​သည်​သင်​၏​ခြေ​ကို​ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ရန်​မိ​မိ​တို့​၏​လက်​ဖြင့်​သင့်​အား ချီ​ပင့်​ကြ​လိမ့်​မည်။

မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။

သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။

အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။

``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-

သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။

``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ