ဆာလံ 120:6Common Language Bibleငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-