အို ထာဝရဘုရား" နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ ထာဝစဉ်တည်ရှိပါ၏။
ကိုယ်တော်ပြုလေသမျှသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားမျှတမှုနှင့်လည်းကောင်းညီပါ၏။ ကိုယ်တော်၏ပညတ်တော်မှန်သမျှသည် ယုံကြည်အားထားထိုက်ပါပေသည်။
ထိုပညတ်တော်တို့သည်ထာဝစဉ်တည်ပါ၏။ ယင်းတို့ကိုသစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း စီရင်ထားတော်မူပြီ။
ငယ်စဉ်အခါကပင်လှင်ကွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဆုံးမသွန်သင်ခက်မားကို သိခဲ့ပါ၏။ ယင်းတို့ကိုကိုယ်တော်ရှင်သည်ထာဝစဉ် တည်မြဲစေပါ၏။
ကိုယ်တော်ရှင့်တရားတော်၏အခက်အခာမှာ သစ္စာတရားပင်ဖြစ်ပါ၏။ ဖြောင့်မှန်သောစီရင်တော်မူခက်အပေါင်းတို့သည် ထာဝစဉ်တည်ပါ၏။
ကိုယ်တော်ရှင်၏မေတ္တာတော်သည်ကာလအစဉ် တည်တော်မူ၍ သစ္စာတော်သည်လည်းမိုးကောင်းကင်ကဲ့သို့ ခိုင်မြဲတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။
သို့ရာတွင်ငါတို့သည်ဘုရားသခင်ကတိ ထားတော်မူသည့်ဖြောင့်မတ်ခြင်းတရား တည်ရာမိုးကောင်းကင်သစ်နှင့်မြေကြီး သစ်ကိုစောင့်မျှော်လျက်နေကြ၏။