Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:78

Common Language Bible

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍ နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။

သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့ တိုက်​ခိုက်​၍​ကျွန်​တော်​မျိုး​၏​အ​ကြောင်း ဆိုး​ရွား​သော​သ​တင်း​များ​ကို​လွှင့်​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို ဆင်​ခြင်​လက် နည်း​လမ်း​တော်​တို့​ကို​အ​စဉ်​အာ​ရုံ​စိုက်​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။

အာ​ဏာ​ပိုင်​တို့​သည်​ကွန်​တော်​မျိုး​အား ဆန့်​ကင်​ဘက်​ပြု​၍​တိုင်​ပင်​ကြံ​စည်​လက် နေ​ကြ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး မူ​ကား ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လေ့​လာ​ပါ​မည်။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။

ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။

ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။

သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက် ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။

မာန်​မာ​န​ထောင်​လွှား​သည့်​သင်​တို့​နိုင်​ငံ​သည် ခြေ​ချော်​၍​လဲ​လိမ့်​မည်။ သင့်​အား​ပြန်​ထ​ရန် အ​ဘယ်​သူ​မျှ​ကူ​မ​လိမ့်​မည်​မ​ဟုတ်။ ငါ သည်​သင်​တို့​၏​မြို့​များ​ကို​မီး​လောင်​ကျွမ်း စေ​မည်​ဖြစ်​၍ သင်​တို့​ပတ်​လည်​တွင်​ရှိ​သ​မျှ သော​အ​ရာ​တို့​သည်​ပျက်​စီး​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''

သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-

အ​ရှင်​သည်​အ​ဘယ်​ကြောင့်​မိ​မိ​၏​အ​စေ​ခံ​ဖြစ် သူ​အ​ကျွန်ုပ်​အား လိုက်​လံ​ဖမ်း​ဆီး​လျက်​ပင်​ရှိ နေ​ပါ​သေး​သ​နည်း။ အ​ကျွန်ုပ်​သည်​အ​ဘယ် ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ