ဆာလံ 119:59Common Language Bibleကွန်တော်မျိုးသည်မိမိ၏နေထိုင်ပုံကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော ဆုံးမသွန်သင်ခက်မားအတိုင်းလိုက်နာရန် ကတိပြုပါ၏။ အခန်းကိုကြည့်ပါ။ |
``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။