ဆာလံ 119:45Common Language Bibleကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သြဝါဒ မားကို ကြိုးစား၍လိုက်နာသဖြင့် လွတ်လပ်မှုအပြည့်အဝဖြင့်သွားလာနေထိုင် ရပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။