Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:4

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။-

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။-

သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။-

သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-

``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-

``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-

သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တို့​ကို​လိုက်​နာ​လျှင် သင်​တို့​သည်​အ​သက်​ရှင်​၍ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ကို​လည်း​သိမ်း ပိုက်​ရ​ရှိ​ကြ​လိမ့်​မည်။-

သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''

အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ