Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:38

Common Language Bible

ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''

ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။

ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော် မျိုး​အား ထား​တော်​မူ​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယင်း​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား မှော်​လင့်​ခက်​ကို​ပေး​ပါ​ပြီ။

ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​သည်​ဖြစ်​၍ ဆင်း​ရဲ​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ပင်​လှင် ကွန်​တော်​မျိုး​သည်​စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​ပါ​၏။

က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ