ဆာလံ 119:31Common Language Bibleအို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ သြဝါဒမားကိုလိုက်နာပါပြီ။ ကွန်တော်မျိုးအားအရှက်ကွဲစေတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။