ဆာလံ 119:21Common Language Bibleကိုယ်တော်ရှင်သည်မာန်မာနကြီးသူတို့ကို ကြပ်တည်းစွာဆိုဆုံးမတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်မားမှ သွေဖည်သွားကြသူတို့သည်အမင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-