Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:169

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် သင့်​အား​ကိုယ်​တော်​၏​တ​ရား​တော်​အ​ရ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အုပ်​စိုး​နိုင်​ရန်​ထိုး ထွင်း​ဉာဏ်​နှင့်​အ​သိ​ပညာ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော။-

ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ရှင်း​လင်း ဖော်​ပြ​တော်​မူ​ပါ။ ယင်း​ကို​ကွန်​တော်​မျိုး​သည်​လိုက်​နာ​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ထိန်း​ပါ​မည်။

ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။

ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။

သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ