ကိုယ်တော်ရှင့်တရားတော်၏အခက်အခာမှာ သစ္စာတရားပင်ဖြစ်ပါ၏။ ဖြောင့်မှန်သောစီရင်တော်မူခက်အပေါင်းတို့သည် ထာဝစဉ်တည်ပါ၏။
ကိုယ်တော်ရှင်ပေးတော်မူသော နည်းဥပဒေသတော်တို့သည်လုံးဝ တရားမှတ၍မှန်ကန်ပါ၏။
ကိုယ်တော်ရှင်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်သည်အစဉ် မှန်ကန်ပါ၏။
ကိုယ်တော်ရှင်ပေးတော်မူသော ဆုံးမသွန်သင်ခက်တို့သည် အစဉ်အမြဲဖြောင့်မှန်ပါ၏။ ကွန်တော်မျိုးအား အသိပညာကိုပေးတော်မူပါ။ သို့ပြုတော်မူလှင် ကွန်တော်မျိုးသည် အသက်ရှင်ရပါလိမ့်မည်။
ငယ်စဉ်အခါကပင်လှင်ကွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဆုံးမသွန်သင်ခက်မားကို သိခဲ့ပါ၏။ ယင်းတို့ကိုကိုယ်တော်ရှင်သည်ထာဝစဉ် တည်မြဲစေပါ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက် တို့သည် တရားမှတတော်မူကြောင်းကိုလည်းကောင်း" သစ္စာတော်နှင့်အညီကွန်တော်မျိုးအား ဒဏ်ခတ်တော်မူကြောင်းကိုလည်းကောင်း ကွန်တော်မျိုးသိပါ၏။
ပညတ်တော်ရှိသမှတို့သည်စိတ်ခယုံကြည်ရပါ၏။ လူတို့သည်မုသားပြောဆိုလက်ကွန်တော်မျိုးအား နှိပ်စက်ညှဉ်းဆဲကြပါ၏။ ကွန်တော်မျိုးအားကူမတော်မူပါ။
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
ကျမ်းစာတော်မှန်သမျှကိုဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရေးသားပြုစုထားသဖြင့် ထို ကျမ်းစာတော်သည်သမ္မာတရားတော်ကိုသွန် သင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်း၊ အမှား များကိုပြုပြင်ခြင်း၊ လျောက်ပတ်စွာသက်ရှင် နေထိုင်တတ်ရန်လမ်းညွှန်ခြင်းတို့ကိုပြု သောအားဖြင့်၊-