Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:149

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​၏​မေတ္တာ​တော်​ခိုင်​မြဲ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍ ကွန်​တော်​မျိုး​အား အသက်​ရှင်​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​ရာ က​ရု​ဏာ​ထား​တော်​မူ​၍​ကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။

အ​ရေး​ရှုံး​နိမ့်​၍​ကွန်​တော်​မျိုး​သည် မြေ​မှုန့်​၌​လဲ​လက်​ရှိ​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​အ​သက်​ရှင်​စေ​တော် မူ​ပါ။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​တို့​ကို အ​လွန်​စောင့်​ထိန်း​လို​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​ပါ။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​နိုင်​ရန် ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​ပါ။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ