Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:142

Common Language Bible

ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည်​အ​စဉ် မှန်​ကန်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အ​စဉ်​အ​မြဲ​ဖြောင့်​မှန်​ပါ​၏။ ကွန်​တော်​မျိုး​အား အ​သိ​ပ​ညာ​ကို​ပေးတော်​မူ​ပါ။ သို့​ပြု​တော်​မူ​လှင် ကွန်​တော်​မျိုး​သည် အ​သက်​ရှင်​ရ​ပါ​လိမ့်​မည်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​မှန်​ကန်​ပါ​၏။

ကိုယ်​တော်​ရှင့်​တ​ရား​တော်​၏​အ​ခက်​အ​ခာ​မှာ သစ္စာ​တ​ရား​ပင်​ဖြစ်​ပါ​၏။ ဖြောင့်​မှန်​သော​စီ​ရင်​တော်​မူ​ခက်​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။

ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။

မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။

ထို​သို့​သော​လူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ် ကဲ့​သို့​ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ဖြောင့်​မတ်​ခြင်း​ကား​ထာ​ဝ​စဉ် တည်​လိမ့်​မည်။ ငါ​၏​ကယ်​တင်​ခြင်း​တန်​ခိုး​သည်​လည်း​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-

သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။-

ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ