Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:133

Common Language Bible

က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး မ​လဲ​စိမ့်​သော​ငှာ​စောင့်​ထိန်း​တော်​မူ​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ကွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​ကို​ခွန်​အား​ပေး​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​၏​မှော်​လင့်​ခက်​ကို​ပက်​ပြယ် စေ​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။

ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။

တ​မင်​တ​ကာ​ကြံ​ရွယ်​ချက်​ဖြင့်​ပြု​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​လည်း​ကင်း​စင်​စေ​တော်​မူ​ပါ။ ထို​ဒု​စ​ရိုက်​တို့​သည်​ကျွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဖြစ်​လျက်​အ​ပြစ် ဒု​စ​ရိုက်​နှင့် ကင်း​စင်​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။

ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာ သီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။

``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ