ကိုယ်တော်ရှင်၏အစေခံအား ကူမတော်မူမည်ဟူသောကတိတော်ကို ပေးတော်မူပါ။ ကွန်တော်မျိုးကိုဖိနှိပ်ရန်မာန်မာနကြီး သူတို့အား ခွင့်ပြုတော်မမူပါနှင့်။
ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း။
ကိုယ်တော်ရှင်သည်မာန်မာနကြီးသူတို့ကို ကြပ်တည်းစွာဆိုဆုံးမတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်မားမှ သွေဖည်သွားကြသူတို့သည်အမင်္ဂလာရှိကြ၏။
မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊ သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။