Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:117

Common Language Bible

ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​စေ​ရန်​ကွန်​တော်​မျိုး​အား ထူ​ပင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ​ဂ​ရု​စိုက်​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​လေး​စား​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော် ရှိ​သ​မှ​ကို​အ​လေး​ဂ​ရု​ပြု​ပါ​လှင် အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။

ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။

ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။

ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။

သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။

သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ