Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 119:110

Common Language Bible

သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ကြ​ပါ​၏။ သို့​သော်​လည်း​ကွန်​တော်​မျိုး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။

ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မ​လိုက်​နာ​ကြ​သော မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား ထောင်​ဖမ်း​ရန်​တွင်း​မား​ကို​တူး​ကြ​ပါ​ပြီ။

သူ​တို့​သည်​ကွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ရာ​တွင် အောင်​မြင်​လု​နီး​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​လစ်​လူ​မ​ရှု​ပါ။

သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​ကို​သတ်​ရန် စောင့်​လက်​နေ​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို အောက်​မေ့​ဆင်​ခြင်​ပါ​မည်။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။

ကျွန်​တော်​မျိုး​အ​တွက်​ထို​သူ​တို့​ထောင်​ထား​သော ထောင်​ချောက်​မှ​လည်းကောင်း၊ မ​ကောင်း​မှု​ပြု​သူ​တို့​၏​ကျော့​ကွင်း​မှ​လည်း​ကောင်း ကွယ်​ကာ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​သည်​နား​ပင်း​သူ​ကဲ့​သို့​မ​ကြား နိုင်​ပါ။ ဆွံ့​အ​သူ​ကဲ့​သို့​စ​ကား​မ​ပြော​နိုင်​ပါ။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-

မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ