အို ထာဝရဘုရား" ကွန်တော်မျိုးသည်အလွန်ပင်ဒုက္ခဝေဒနာ ခံစားနေရပါ၏။ ကတိတော်အတိုင်းကွန်တော်မျိုးအား အသက်ရှင်စေတော်မူပါ။
အရေးရှုံးနိမ့်၍ကွန်တော်မျိုးသည် မြေမှုန့်၌လဲလက်ရှိသဖြင့် ကတိတော်ရှိသည်အတိုင်းအသက်ရှင်စေတော် မူပါ။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို လိုက်နာနိုင်ရန် ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကြောင့် ကွန်တော်မျိုးအားကေးဇူးပြုတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။